RSS Feed
Jul 2

Ancient Pictures 2

Posted on Thursday, July 2, 2009 in History သမိုင္း, Research

These photos and pictures are from “A narrative of the mission sent by the governor-general of India to the court of Ava in 1855, with notices of the country, government, and people”.

ရေနံချောင်း Ancient Pic
ဆင်ဖြူတော် Ancient Pic

(more…)

Jun 24

Proverbs in Post

Posted on Wednesday, June 24, 2009 in Literature

(မနက်က မြန်မာစကားပုံတွေ စုတင်ထားတဲ့ ဝက်ဘ်ဆိုဒ် (Click Here) ကိုတွေ့တော့ ရတနာသိုက်ပဲဆိုပြီး မွှေနှောက်ဖတ်ပါတယ်။ ဆရာလှသမိန်ရဲ့ “မြန်မာစကားပုံ - အဓိပ္ပာယ်နှင့် သုံးနည်း”စာအုပ်ထဲကနေ ကူးယူရိုက်တင်တယ်လို့ ဆိုပါတယ်။ စာရိုက်အမှားတွေ မြင်သလောက် ကော်မန့်ပေးခဲ့ပါတယ်။ ဖြည့်စွက်စရာ စကားပုံတွေ လာရေးပေးရင် ထပ်ထည့်မယ်လို့ဆိုပါတယ်။ လျှောက်ဖတ်ကြည့်ရင်း စိတ်ကူးရတာနဲ့ ဆိုင်ရာ စကားပုံတွေ ဆွဲထုတ်ပြီး အောက်က ပို့စ်ကို ရေးကြည့်ပါတယ်။ အဓိပ္ပာယ်တွေ မသိရင် အဲဒီဆိုဒ်မှာ ရှာဖတ်နိုင်ကြပါတယ်။ တချို့တလေကတော့ ဝက်ဘ်ဆိုဒ်မှာ မပါသေးပါဘူး၊ ကိုယ့်ဖာသာ သင့်သလို ဖြည့်ရေးထားတာပါ။)

“ဝှေ့ချင်တဲ့နွား ဝှေ့ဖက်ရှာ”တဲ့ လူတွေနဲ့ ကြုံမိတာကြောင့် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ”ဆိုသလို ခုတလောဖြစ်ရပေသည်။ “ကရဏီယနဲ့ ဆွမ်းစား၊ အံသွား ဗထက်ချိုက်”ဖြစ်နေပါပြီဆိုပြီး “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်”တွေကိုမှ “သူခိုးလက် ဘဏ္ဍာတိုက်သော့ အပ်မိ” သည်။

“ဆံထုံး ထုံးတတ်တော့ ဆီစိုက်ရ”ဆိုသလို “ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်း” စေတနာနှင့်ကူမိကာမှ “လှော်ကားကို ဝန်တင်ချင်”သူတွေကြောင့် “တမိုးလုံးဖျောက်ဆိတ်”လုပ်နေသော်လည်း “ရွှံပုတ်လျှင် မျက်နှာစင်”မည့်အရေးကိုမြင်၍ ခပ်ဝေးဝေးနေရချေသည်။ “ဘူးသီးမှ အရီးလာတော်”ပြီး “ဆန်ပေးမှ ဆေးရတယ်” ဆိုကြချင်သေးသည်။ “ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူ”တာကို သတိမရ။ “ခွေးရူးနဲ့ကိုက် ခွေးကောင်း နားရွက်ပြတ်”တတ်တာမို့ “အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နွားချေးခံ”သူတွေကို မသိယောင် ပြုရသည်။

(more…)

Jun 21

We will meet you in better days

Posted on Sunday, June 21, 2009 in Politics

Daw Aung San Su Kyi’s Birthday Ceremony

Faculty of Social Sciences, CMU DASSK
Faculty of Social Sciences, CMU DASSK
Faculty of Social Sciences, CMU DASSK

(more…)

Jun 18

Culture

Posted on Thursday, June 18, 2009 in Article

Education for Myanmar Youths အတွက် ရေးပေးတဲ့ Culture ဆိုင်ရာ ရှင်းလင်းချက် အကျဉ်းချုပ်ပါ။

Culture ကို မြန်မာစကားမှာ ယဉ်ကျေးမှုလို့ အကြမ်းဖျဉ်းသုံးပါတယ်။ နယ်ပယ်အလိုက် သုံးစွဲမှုကိုလိုက်ပြီး အဓိပ္ပာယ်ကို ခွဲခြားနားလည်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု၊ အင်တာနက်ယဉ်ကျေးမှု စတဲ့ အသုံးအနှုန်းတွေကိုလည်း တွေ့ရပါတယ်။ တချို့နေရာတွေမှာ Culture ကို မြန်မာဘာသာစကားအဖြစ်သုံးရာမှာ အလေ့အထဓလေ့စသည်ဖြင့် ခွဲထုတ် သုံးသင့်တယ်ထင်ပါတယ်။

Culture ဆိုတာ လက်တင် စကားလုံး cultura က လာတာဖြစ်ပြီး မူလအဓိပ္ပာယ်က ပြုစု ပျိုးထောင်ခြင်း (to cultivate) လို့ အဓိပ္ပာယ်ရပါတယ်။ ၁၉၅၂ ခုနှစ်တုန်းက Alfred Kroeber နဲ့ Clyde Kluckhohn တို့ နှစ်ဦးဟာ culture ရဲ့ အဓိပ္ပာယ်အမျိုးမျိုးကို စာရင်းတင်ရာမှာ ၁၆၄ မျိုးတွေ့ရတယ်လို့ သူတို့ရဲ့ Cluture:A Critical Review of Concepts and Definitions ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အဓိကအားဖြင့် Culture ဆိုတဲ့ စကားလုံးကို အခြေခံအချက်သုံးချက်ပေါ်မူတည်ပြီးသုံးပါတယ်။

(more…)

Jun 17

Pyin Oo Lwin

Posted on Wednesday, June 17, 2009 in Poem

ပြင်ဦးလွင်

သူက

ပန်းတွေပန်လို့

လောကကို

အဲယားကွန်း ဖွင့်ထားတဲ့ မြို့